IMDb Rating – 6.1/10
#Unicode
ဇွန်ဘီကားစစ်စစ်ကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ချင်ရင်တော့ IMDb rating 6.1 ရထားတဲ့ ဒီကားက
အသင့်တော်ဆုံးပါပဲ။ ပြင်းထန်တဲ့ပြကွက်တွေနဲ့ သွေးထွက်သံယိုတွေအများကြီးပါလို့ အသဲငယ်ရင်မကြည့်
တာကောင်းပါတယ် :’D
အယ်လီဆန်ဟာ သူမရဲ့ ကြီးမားတဲ့ရင်သားတွေကြောင့် ယောက်ျားလေးတွေရဲ့ ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ
စနောက်ခြင်းကိုခံနေရတာကြောင့် ရင်သားဆိုဒ်ကို သေးအောင်ခွဲစိတ်ဖို့အတွက် သူ့ရဲ့အမေ၊ ကောင်လေး
ဖြစ်သူတို့နဲ့အတူ ပလစ်စတစ်ဆာဂျရီဆေးရုံကို အတူလာခဲ့ကြပါတယ်။ ဆေးရုံအုပ် ဒေါက်တာခရောချက်က
တော့ “ကမ္ဘာကြီးကို ပိုမိုလှပအောင်လုပ်ဖို့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက်ကြီးတာကိုရပ်တန့်စေတဲ့ ကုသမှု
ကို စမ်းသပ်နေတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ အယ်လီဆန်ရဲ့ကောင်လေးဖြစ်တဲ့ ပိုပီဟာ အယ်လီဆန်မခွဲ
စိတ်ခင်မှာ ဆေးရုံဝန်ထမ်းတချို့နဲ့ စကားများပြီး စိတ်ပြေလက်ပျောက် ဆေးရုံအခန်းတွေကိုလိုက်ကြည့်ရာက
နေ တားမြစ်ထားတဲ့အခန်းတစ်ခုထဲ ရောက်သွားပါတယ်။
အဲဒီ့အခန်းထဲမှာ ကြိုးတွေနဲ့တုပ်ပြီး ပါးစပ်အပိတ်ခံထားရတဲ့ ရုန်းကန်နေတဲ့မိန်းမတစ်ယောက်ကို သူတွေ့လိုက်
ရတဲ့အချိန်မှာ ကူညီတဲ့အနေနဲ့ ပါးစပ်ပိတ်ထားတဲ့အစွပ်ကို ဖြုတ်ပေးလိုက်တဲ့အခါ ထိတ်လန့်ခြောက်ခြားဖွယ်ရာ
တွေစတင်ကြုံရပါတော့တယ်။ အဲဒီ့အမျိုးသမီးကို ဆေးရုံရဲ့ကန့်သတ်ခန်းထဲမှာ ဘာကြောင့်ထည့်ပိတ်ထားရတာလဲ……….
ဒီကိစ္စဟာ စမ်းသပ်မှုနဲ့ရော ဘယ်လိုတွေသက်ဆိုင်နေလဲ……….
ဆေးရုံကလူတွေကရော ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ဒီ horror ကားမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး……..
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)