Kajaki 2014 စစ်ကားကောင်းကောင်းလေးကြည့်မလား ? မျက်စိလည်းမနောက် ၊ဇာတ်လမ်းလေးလည်းကောင်း၊ တကယ့်အဖြစ်အပျက်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးမယ်နော်ဒုံးဒုံးဒိုင်းဒိုင်း နဲ့ ပစ်တဲ့စစ်ကားတော့မဟုတ်ဘူးနော် ဒါပေမဲ့ ပါးစပ်အဟောင်းသားနဲ့ကြည့်ရမှာတော့ အာမခံပါတယ်။မိုင်းထိတဲ့ကားလေးပါ ။ ဇာတ်လမ်းလေးက
ရိုးပါတယ် ။ ဟိုဘက်ကမ်းကိုသွားဖို့ လမ်းဖြတ်ကူးရမယ်ပေါ့။ အဲ့လမ်းက ဖြစ်ချင်တော့ ဗုံးမြေဖြစ်နေတယ် ။
ပေါက်လိုက်တာမှ တအုံးအုံး နဲ့ ။ ပြီးတော့ ကယ်ဆယ်ရေးကိုစောင့်ရင်းဇာတ်လမ်းကိုအဆုံးသတ်ထားပါတယ်။
ဘာကြောင့် ဒီဇာတ်ကားလေးကို ညွှန်းချင်လည်းဆိုတော့ အဲ့လမ်းမှာဗုံးထိရင်း အချင်းချင်း ရိုင်းပင်းကူညီတဲ့စိတ်ဓါတ်၊ စစ်ဆိုတာဘယ်လောက်တောင်အကြပ်ရိုက်လဲဆိုတာကို ဒါရိုက်တာက ပညာသားပါပါ ရိုက်ပြထားပါတယ်။ အဲ့ဒါကြောင့် စစ်ပြန်တွေ အချင်းချင်းအရမ်းရင်းနှီးတယ်ဆိုတာ ဒီလိုအခက်အခဲတွေကြောင့်ဆိုတာ အခုမှ
သိရတော့တယ်။ စစ်သုံးစကားတွေလည်း ဗဟုသုတအဖြစ်ထည့်ပေးထားသေးတယ်နော်။ အရမ်းကောင်းတဲ့
ကားလေးပါ… ကြည့်ဖို့တိုက်တွန်းပါတယ်နော်….။ ။